back

ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၈ ရက်အထိ ဘန်ကောက်နဲ့ အလယ်ပိုင်းပြည်နယ် ၆ ခုမှာ ရေကြီးနိုင်၍ မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုကြဖို့ သတိပေး

Feb 15 • 7:23 AM

breaking-news

Thailand

Local News

cover

ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၈ ရက်အထိ ဘန်ကောက်နဲ့ အလယ်ပိုင်းပြည်နယ် ၆ ခုမှာ ရေကြီးနိုင်၍ မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုကြဖို့ သတိပေး

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အတွင်း ဘန်ကောက်အပါအဝင် အလယ်ပိုင်းပြည်နယ် ၆ ခုမှာ ဒီရေတက်ပြီး ရေကြီးနိုင်ခြေရှိတဲ့အတွက် သတိထားကြဖို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးန...

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အတွင်း ဘန်ကောက်အပါအဝင် အလယ်ပိုင်းပြည်နယ် ၆ ခုမှာ ဒီရေတက်ပြီး ရေကြီးနိုင်ခြေရှိတဲ့အတွက် သတိထားကြဖို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးရေးဦးစီးဌာန (DDPM) က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီပြည်နယ်တွေကတော့ Pathum Thani, Nonthaburi, Nakhon Pathom, Samut Sakhon, Samut Songkhram, နဲ့ Samut Prakan. တို့ပဲ ဖြစ်ပါတယ်။မြစ်တွေ၊ တူးမြောင်းတွေအနီးနဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေအနေနဲ့ သတင်းတွေကို စောင့်ကြည့်ပြီး ရေကြီးလာရင် ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့လည်း ရေကာတာတွေကို စစ်ဆေးဖို့နဲ့ အရေးပေါ်အခြေအနေပေါ်လာရင် အချိန်မရွေး ကူညီပေးနိုင်ဖို့ စက်ယန္တရားတွေကို အသင့်ပြင်ထားဖို့ DDPM က အကြံပြုထားပါတယ်။အထူးသဖြင့် ထိုင်းရေတပ်စခန်းနဲ့ Phra Chulachomklao ခံတပ်အနီးတစ်ဝိုက် ကျောက်ဖရားမြစ်ရေဟာ မနက် ၆ နာရီကနေ ၈ နာရီအတွင်း ၁.၈၀ မီတာကနေ ၁.၉၀ မီတာအထိ မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်ထက် ၀.၂၀ မီတာလောက် ကျော်လွန်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ရေကြီးရေလျှံမှုဒဏ်ကို ခံရနိုင်တဲ့ နေရာတွေထဲမှာ အထက်ကပြောခဲ့တဲ့ ပြည်နယ်တွေထဲက ခရိုင်တချို့ ပါဝင်ပြီး အထူးသဖြင့် ရေကာကွယ်ရေးစနစ် အားနည်းတဲ့နေရာတွေ ပိုပြီး သတိထားရပါမယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြည်သူတွေကို ဒီရေတက်မယ့်အချိန်တွေ ကြိုတင်အသိပေးဖို့နဲ့ ရေကြီးလာရင် ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားကြဖို့ ညွှန်ကြားထားပါတယ်။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ချက်ချင်းကူညီပေးဖို့ အသင့်စောင့်ဆိုင်းနေကြပါတယ်။အချိန်နဲ့တစ်ပြေးညီ သတိပေးချက်တွေကို သိချင်ရင်တော့ ပြည်သူတွေအနေနဲ့ 'THAI DISASTER ALERT' အက်ပ်၊ DDPM ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဒါမှမဟုတ် အရေးပေါ်ဖုန်းနံပါတ် 1784 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။


news-view-count-icon

10