back

Gen Z မျိုးဆက်များသည် ၎င်းတို့၏ မိဘများဖြစ်သည့် Gen Y မျိုးဆက်များထက် ဉာဏ်ရည်ဉာဏ်စွမ်း နိမ့်လာကြောင်း လေ့လာတွေ့ရှိ

Feb 15 • 7:06 AM

breaking-news

Myanmar

Local

breaking-news
cover

Gen Z မျိုးဆက်များသည် ၎င်းတို့၏ မိဘများဖြစ်သည့် Gen Y မျိုးဆက်များထက် ဉာဏ်ရည်ဉာဏ်စွမ်း နိမ့်လာကြောင်း လေ့လာတွေ့ရှိ

၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းနှင့် ၂၀၁၀ ပြည့်နှစ်အစောပိုင်းကာလကြား မွေးဖွားသည့် Gen Z မျိုးဆက်များသည် ၎င်းတို့၏ မိဘများဖြစ်သည့် ၁၉၈၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်ကြား မွေ...

၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းနှင့် ၂၀၁၀ ပြည့်နှစ်အစောပိုင်းကာလကြား မွေးဖွားသည့် Gen Z မျိုးဆက်များသည် ၎င်းတို့၏ မိဘများဖြစ်သည့် ၁၉၈၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်ကြား မွေးဖွားသည့် Gen Y မျိုးဆက်များထက် ဉာဏ်ရည်ဉာဏ်စွမ်းနိမ့်လာကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု Times of India သတင်းတွင် ဖော်ပြခဲ့သည်။လေ့လာတွေ့ရှိချက်အရ Gen Z များသည် ၎င်းတို့၏ မိဘများဖြစ်သော Millennial မျိုးဆက် (Gen Y) များထက် အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် အထွေထွေ IQ အပါအဝင် အဓိကကျသော သိမြင်နားလည်မှုဆိုင်ရာ တိုင်းတာချက်များတွင် ရမှတ်ပိုမိုနိမ့်ကျသည့် ပထမဆုံးမျိုးဆက်များဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။တီထွင်ဆန်းသစ်မှုကို ဦးဆောင်ပြီး စက်ရုပ်များနှင့်အတူ ယှဉ်တွဲနေထိုင်ရန် မျှော်လင့်ခံထားရသည့် Gen Z မျိုးဆက်သည် စာကြောင်းတစ်ကြောင်းကို စနစ်တကျ မဖတ်နိုင်ခြင်း သို့မဟုတ် အခြေခံ သချင်္ာပုစ္ဆာတစ်ခုကိုပင် မဖြေရှင်းနိုင်ခြင်းတို့ ဖြစ်ပေါ်နေသည်။



news-view-count-icon

33