back

ယူအေအီး (UAE) သို့ valentine‌နေ့အတွက် ပန်းတန်ချိန် ၂၂၇,၀၀၀ ကျော်ကို ၅ ရက်အတွင်း dnata ကုမ္ပဏီက ကိုင်တွယ်ပို့ဆောင်ပေးနိုင်ခဲ့

Feb 15 • 7:04 AM

breaking-news

UAE

Local News

cover

ယူအေအီး (UAE) သို့ valentine‌နေ့အတွက် ပန်းတန်ချိန် ၂၂၇,၀၀၀ ကျော်ကို ၅ ရက်အတွင်း dnata ကုမ္ပဏီက ကိုင်တွယ်ပို့ဆောင်ပေးနိုင်ခဲ့

ယူအေအီးနိုင်ငံ၏ လေကြောင်းဝန်ဆောင်မှုလုပ်ငန်း dnata သည် ၂၀၂၆ ခုနှစ်၊ ဗလန်တိုင်းနေ့ (Valentine's Day) အမီ နိုင်ငံတွင်းသို့ တင်သွင်းလာသည့် ပန်းအလေးချိန် စုစုပေါင်း...

ယူအေအီးနိုင်ငံ၏ လေကြောင်းဝန်ဆောင်မှုလုပ်ငန်း dnata သည် ၂၀၂၆ ခုနှစ်၊ ဗလန်တိုင်းနေ့ (Valentine's Day) အမီ နိုင်ငံတွင်းသို့ တင်သွင်းလာသည့် ပန်းအလေးချိန် စုစုပေါင်း ၂၂၇,၅၃၀ ကီလိုဂရမ် (တန်ချိန် ၂၂၇ ကျော်) ကို ငါးရက်တာကာလ (ဖေဖော်ဝါရီ ၇ ရက်မှ ၁၁ ရက်အထိ) အတွင်း အောင်မြင်စွာ ကိုင်တွယ်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဒူဘိုင်းပန်းဗဟိုဌာန (Dubai Flower Centre) ရှိ dnata ၏ အဆင့်မြင့် သိုလှောင်ရုံများသို့ ပန်းသေတ္တာပေါင်း ၁၈,၇၀၀ ကျော် တင်ဆောင်လာသည့် လေယာဉ် ၂၇၄ စီး ဆိုက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းပန်းများမှာ ကိုလံဘီယာ၊ အီကွေဒေါ၊ အီသီယိုးပီးယား၊ ကင်ညာနှင့် နယ်သာလန်နိုင်ငံတို့မှ အဓိကတင်သွင်းလာခြင်းဖြစ်ပြီး အများဆုံးမှာ အနီရောင်နှင်းဆီပန်းများ ဖြစ်ကြသည်။ ပန်းများ လတ်ဆတ်မှုမပျက်စေရန် အပူချိန်ထိန်းညှိစနစ်ပါဝင်သော သိုလှောင်ရုံများတွင် ထားရှိကာ ဟိုတယ်များ၊ ပန်းဆိုင်များနှင့် စူပါမားကတ်များသို့ အချိန်မီရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

news-view-count-icon

9