မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက FA ဖလား စတုတ္ထအဆင့်တွင် League Two ကလပ် ဆဲလ်ဖို့ဒ်အသင်းအား ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သော်လည်း မိမိအသင်း၏ ကစားပုံအပေါ် ကျေနပ်မှုမရှိဘဲ ပျင်းခြောက်ခြောက်နိုင်လွန်းသည်ဟု ဝေဖန်ခဲ့သည်။ မန်စီးတီးသည် ပြီးခဲ့သည့်ရာသီက အဆိုပါအသင်းအား ၈ ဂိုးပြတ် အနိုင်ယူခဲ့ဖူးသော်လည်း ယခုပွဲတွင် ကစားသမားများအနေဖြင့် ကွင်းအတွင်း နေရာလွတ်များကို ဖတ်နိုင်ခြင်းမရှိဘဲ စွမ်းဆောင်ရည်ပိုင်း လိုအပ်ချက်များရှိခဲ့ကြောင်း၊ သို့သော် နောက်တစ်ဆင့်တက်နိုင်ခဲ့ခြင်းမှာ သတင်းကောင်းဖြစ်ကြောင်း ဂွါဒီယိုလာက ပြောကြားခဲ့သည်။ ထို့ပြင် ဤပွဲတွင် မန်စီးတီးအတွက် ပထမဆုံးဂိုး သွင်းယူပေးခဲ့သည့် နောက်ခံလူ ဂူဟီသည် FA ဖလား စည်းမျဉ်းအသစ်အရ တစ်ရာသီအတွင်း ကလပ်နှစ်သင်းနှင့်အတူ ဖလားပွဲကစားခွင့်ရသည့် ၂၇ ဦးမြောက် ကစားသမား ဖြစ်လာခဲ့ကြောင်းလည်း သိရှိရပါသည်



