၁၅.၂.၂၀၂၆ ရက်ယနေ့၊ ၁၃ နာရီ၂၅မိနစ် အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အထယုကျေးရွာ ဓမ္မဓူရဘုန်းကြီးကျောင်းအနီး မြက်ခြောက်မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးေလာင်မှုကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၃နာရီ ၄၅မိနစ် အချိန် မီးငြိမ်းပါသည်။



