ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်က မြန်အောင်ခရိုင်အတွင်းရှိ အင်္ဂပူနှင့် မြန်အောင်မြို့နယ်တို့သို့ သွားရောက်ကာ ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဝန်ကြီးချုပ်သည် အင်္ဂပူမြို့နယ်၊ ကြို့ကုန်းကျေးရွာရှိ ဆင်းရွှေကြာ (၂) နေကြာစိုက်ခင်းနှင့် မြန်အောင်မြို့နယ်၊ ဆင်သေကျေးရွာရှိ Super Sun-41 နေကြာစိုက်ခင်းများသို့ ရောက်ရှိစဉ် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ စနစ်တကျ ရိတ်သိမ်းရေးနှင့် ရေ၊ မြေဩဇာ ကျွေးခြင်းလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန် တောင်သူများအား မှာကြားအားပေးခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အင်္ဂပူနှင့် မြန်အောင်မြို့နယ်ရှိ နေကြာစိုက်ခင်းများအား ကြည့်ရှုစစ်ဆေး
Feb 15 • 6:26 AM
Myanmar
Ayeyarwady
Share
| 21 | 0 | 0 | 0 |


