back

ချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်း ကရင်တိုင်းရင်းသူ တောင်ပံကစားသမား နန်းခိုင်ဇင်မြင့်ကို ဒုတိယမြောက် ကစားသမားသစ်အဖြစ် ခေါ်ယူ

Feb 15 • 6:25 AM

breaking-news

Myanmar

Local

cover

ချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်း ကရင်တိုင်းရင်းသူ တောင်ပံကစားသမား နန်းခိုင်ဇင်မြင့်ကို ဒုတိယမြောက် ကစားသမားသစ်အဖြစ် ခေါ်ယူ

Myanmar National League (Women) 2025-2026 ရာသီ ချန်ပီယံ ဧရာဝတီအသင်းသည် အသင်းကို အင်အားဖြည့်တင်းသည့်အနေဖြင့် ကရင်တိုင်းရင်းသူ တောင်ပံကစားသမား နန်းခိုင်ဇင်မြင့် က...

Myanmar National League (Women) 2025-2026 ရာသီ ချန်ပီယံ ဧရာဝတီအသင်းသည် အသင်းကို အင်အားဖြည့်တင်းသည့်အနေဖြင့် ကရင်တိုင်းရင်းသူ တောင်ပံကစားသမား နန်းခိုင်ဇင်မြင့် ကို ဒုတိယမြောက် ကစားသမားသစ်အဖြစ် ခေါ်ယူလိုက်ပြီဖြစ်သည်။ နန်းခိုင်ဇင်မြင့်သည် တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲများတွင် ကရင်ပြည်နယ်အသင်းနှင့်အတူ ခြေစွမ်းပြခဲ့သူဖြစ်ပြီး မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်း၌ ရွေးချယ်ခံခဲ့ရသလို Lionesses FC နှင့်လည်း လိဂ်အတွေ့အကြုံများ ရရှိထားသူဖြစ်သည်။ ဧရာဝတီအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကချင်တိုင်းရင်းသူ ကွင်းလယ်ကစားသမား မင်ထုန်းမေဇီတာကို ပထမဆုံးကစားသမားသစ်အဖြစ် ခေါ်ယူထားပြီးဖြစ်ရာ ယခုအခါ တိုင်းရင်းသူသွေးသစ်များဖြင့် အသင်းကို ဆက်လက်အင်အားဖြည့်တင်းနေကြောင်း သိရှိရပါသည်။

news-view-count-icon

25