back

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲတွင် ငွေကျပ် ၁၆ ဒသမ ၇ ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့

Feb 15 • 6:24 AM

breaking-news

Myanmar

Naypyidaw

cover

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲတွင် ငွေကျပ် ၁၆ ဒသမ ၇ ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့

နေပြည်တော်ရင်ပြင်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် စုစုပေါင်းရောင်းအား ငွေကျပ် ၁၆ ဒသမ ၇ ဘီလီယံကျော်အထိ ရရှိခဲ့ကြောင်...

နေပြည်တော်ရင်ပြင်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် စုစုပေါင်းရောင်းအား ငွေကျပ် ၁၆ ဒသမ ၇ ဘီလီယံကျော်အထိ ရရှိခဲ့ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းတွင် ပြုလုပ်သည့် ပိတ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ပြပွဲကာလအတွင်း အသိပညာပေးဆွေးနွေးပွဲ ၃၆ ကြိမ် ကျင်းပနိုင်ခဲ့ပြီး လာရောက်ကြည့်ရှုသူ ၆ သိန်းကျော်ရှိခဲ့ကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန် အထောက်အကူပြုနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါပိတ်ပွဲ၌ လယ်ယာသုံးပစ္စည်း၊ ထုပ်ပိုးမှုစနစ်နှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် လုပ်ငန်းရှင်များကိုလည်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

26