back

ဂျင်မီလိုင်းအပေါ် ပြစ်ဒဏ်ချမှတ်မှုကို ဝေဖန်သည့် အနောက်နိုင်ငံသံရုံးများကို တရုတ်ဆင့်ခေါ်၍ ကန့်ကွက်

Feb 15 • 6:09 AM

breaking-news

China

Local News

cover

ဂျင်မီလိုင်းအပေါ် ပြစ်ဒဏ်ချမှတ်မှုကို ဝေဖန်သည့် အနောက်နိုင်ငံသံရုံးများကို တရုတ်ဆင့်ခေါ်၍ ကန့်ကွက်

ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်း (Jimmy Lai) အား ထောင်ဒဏ် ၂၀ ချမှတ်ခဲ့မှုအပေါ် ဝေဖန်မှတ်ချက်ပေးခဲ့သည့် ဗြိတိန်၊ အမေရိကန်၊ ဩစတြေးလျနှင့် ဥရောပသမဂ္ဂ (EU)...

ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်း (Jimmy Lai) အား ထောင်ဒဏ် ၂၀ ချမှတ်ခဲ့မှုအပေါ် ဝေဖန်မှတ်ချက်ပေးခဲ့သည့် ဗြိတိန်၊ အမေရိကန်၊ ဩစတြေးလျနှင့် ဥရောပသမဂ္ဂ (EU) သံရုံးအကြီးအကဲများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်၍ ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။တရုတ်နိုင်ငံ၏ ဟောင်ကောင်ဆိုင်ရာ ကော်မရှင်နာရုံးက အဆိုပါနိုင်ငံများသည် တရုတ်၏ အချုပ်အခြာအာဏာနှင့် ဟောင်ကောင်၏ ဥပဒေစိုးမိုးမှုကို လေးစားရန်လိုအပ်ကြောင်း၊ အမျိုးသားလုံခြုံရေးကိစ္စရပ်များတွင် တာဝန်မဲ့မှတ်ချက်ပေးခြင်းနှင့် ပြည်တွင်းရေးစွက်ဖက်ခြင်းများကို ရပ်တန့်ရန် သတိပေးခဲ့သည်။ ဂျင်မီလိုင်းသည် ပြည်ပအင်အားစုများနှင့် ပူးပေါင်း၍ နိုင်ငံတော်အား ဆန့်ကျင်ရန် ကြံစည်မှုဖြင့် အမျိုးသားလုံခြုံရေးဥပဒေအရ ယခုလအစောပိုင်းတွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်း (Jimmy Lai) အား ထောင်ဒဏ် ၂၀ ချမှတ်ခဲ့မှုအပေါ် ဝေဖန်မှတ်ချက်ပေးခဲ့သည့် ဗြိတိန်၊ အမေရိကန်၊ ဩစတြေးလျနှင့် ဥရောပသမဂ္ဂ (EU) သံရုံးအကြီးအကဲများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်၍ ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။တရုတ်နိုင်ငံ၏ ဟောင်ကောင်ဆိုင်ရာ ကော်မရှင်နာရုံးက အဆိုပါနိုင်ငံများသည် တရုတ်၏ အချုပ်အခြာအာဏာနှင့် ဟောင်ကောင်၏ ဥပဒေစိုးမိုးမှုကို လေးစားရန်လိုအပ်ကြောင်း၊ အမျိုးသားလုံခြုံရေးကိစ္စရပ်များတွင် တာဝန်မဲ့မှတ်ချက်ပေးခြင်းနှင့် ပြည်တွင်းရေးစွက်ဖက်ခြင်းများကို ရပ်တန့်ရန် သတိပေးခဲ့သည်။ ဂျင်မီလိုင်းသည် ပြည်ပအင်အားစုများနှင့် ပူးပေါင်း၍ နိုင်ငံတော်အား ဆန့်ကျင်ရန် ကြံစည်မှုဖြင့် အမျိုးသားလုံခြုံရေးဥပဒေအရ ယခုလအစောပိုင်းတွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

13