ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ၁၇နာရီ၂၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ပုံလို့လမ်းတွင် လမ်းလျှောက်လာသူ ကျော်စန်းဦး(ခ)ကုလား အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၃ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၄၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၇နာရီ၄၅ မိနစ်အချိန် ဝင်းကျော်စွာ(ခ)ကိုထွန်း အား တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၃.၅ သိန်း)နှင့် အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၀.၁ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၈ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်စန်းဦး(ခ)ကုလား(၃၁)နှစ် နှင့် ဝင်းကျော်စွာ(ခ)ကိုထွန်း(၄၀)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိပါတယ်။



