ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ "ကြွက်နှိမ်နင်းရေး အရာရှိချုပ်" အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သံတမန်အသိုက်အဝန်းနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် လူသိများထင်ရှားခဲ့သည့် ကြောင်လေး ပယ်လ်မာစထရွမ် (Palmerston) သည် ဘာမြူဒါနိုင်ငံတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ငြိမ်းချမ်းစွာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ လေလွင့်တိရစ္ဆာန်ဂေဟာမှ မွေးစားခံခဲ့ရသည့် အဆိုပါကြောင်လေးသည် ဗြိတိန်ဝန်ကြီးချုပ်ရုံးရှိ နာမည်ကျော်ကြောင် လယ်ရီ (Larry) နှင့်အပြိုင် ကျော်ကြားခဲ့သူဖြစ်ပြီး၊ တာဝန်မှအနားယူပြီးနောက် ဘာမြူဒါအုပ်ချုပ်ရေးမှူး အန်ဒရူး မားဒေါ့ချ်၏ ခေါ်ယူမွေးစားခြင်းကို ခံခဲ့ရကာ ဘာမြူဒါအစိုးရအဖွဲ့အတွင်း လူချစ်လူခင်အများဆုံး မိသားစုဝင်တစ်ဦးအဖြစ် နေထိုင်ရင်း ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်း၏ကွယ်လွန်မှုအတွက် ကြောင်ချစ်သူများက ဝမ်းနည်းစကားများ လူမှုကွန်ရက်တွင် ဖော်ပြလျက်ရှိကြပါသည်။
ဗြိတိန်နိုင်ငံခြားရေးရုံး၏ ကြွက်နှိမ်နင်းရေးအရာရှိချုပ်ဟောင်း နာမည်ကျော်ကြောင်လေး ပယ်လ်မာစထရွမ် ဘာမြူဒါ၌ ကွယ်လွန်
Feb 15 • 6:10 AM
Myanmar
International
Share
| 22 | 0 | 0 | 0 |


