back

ဘန်ကောက်မြို့ Asiatique တွင် Jurassic World ဒိုင်နိုဆောပြပွဲ ကျင်းပနေပြီး ခရီးသွားများအကြား ရေပန်းစားလျက်ရှိ

Feb 15 • 5:31 AM

breaking-news

Thailand

Local News

cover

ဘန်ကောက်မြို့ Asiatique တွင် Jurassic World ဒိုင်နိုဆောပြပွဲ ကျင်းပနေပြီး ခရီးသွားများအကြား ရေပန်းစားလျက်ရှိ

ဘန်ကောက်မြို့ရှိ နာမည်ကြီးအပန်းဖြေနေရာတစ်ခုဖြစ်သော Asiatique တွင် Jurassic World ရုပ်ရှင်ကားကြီးကို အခြေခံ၍ ဖန်တီးထားသည့် ဒိုင်နိုဆောပြပွဲအား ခမ်းနားစွာ ကျင်းပလ...

ဘန်ကောက်မြို့ရှိ နာမည်ကြီးအပန်းဖြေနေရာတစ်ခုဖြစ်သော Asiatique တွင် Jurassic World ရုပ်ရှင်ကားကြီးကို အခြေခံ၍ ဖန်တီးထားသည့် ဒိုင်နိုဆောပြပွဲအား ခမ်းနားစွာ ကျင်းပလျက်ရှိရာ ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသွားများအကြား အထူးစိတ်ဝင်စားခြင်း ခံနေရသည်။ အဆိုပါပြပွဲတွင် အရွယ်အစားကြီးမားသော Animatronic ဒိုင်နိုဆောများ၊ လက်တွေ့ဆန်သည့် အသံနှင့် အလင်းရောင် Effect များဖြင့် တောအုပ်တစ်ခုအတွင်း ရောက်ရှိသွားသကဲ့သို့ စီစဉ်ထားပြီး T-Rex နှင့် Velociraptor ကဲ့သို့သော နာမည်ကြီးဒိုင်နိုဆောများကို အနီးကပ် လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။ အထူးသဖြင့် အပူရှိန်ပြင်းသော ဘန်ကောက်မြို့လယ်တွင် အေးမြသည့် အဲယားကွန်းခန်းအတွင်း မိသားစုလိုက် စိတ်လှုပ်ရှားဖွယ် Adventure အတွေ့အကြုံသစ်များကို ခံစားနိုင်ရန် မနက် ၁၁ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ပေးထားကြောင်း သိရှိရပါသည်။

news-view-count-icon

12