ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်း သည် နှစ်သစ်ကူးကာလအထိမ်းအမှတ်အဖြစ် ဘုရင်မင်းမြတ်များနှင့် နိုင်ငံတော်အကျိုးပြုပုဂ္ဂိုလ်များကို ဂုဏ်ပြုသောအားဖြင့် ဟနွိုင်းမြို့ရှိ သန်းလောင်းရှေးဟောင်းနန်းတော် အတွင်းရှိ ကင်းသီယန် နန်းဆောင်၌ ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် အမွှေးနံ့သာတိုင်များ ထွန်းညှိပူဇော်ခဲ့သည်။ဗီယက်နမ်ရိုးရာ လနက္ခတ်ပြက္ခဒိန်အရ နှစ်ဟောင်း၏ နောက်ဆုံးလ (၂၇) ရက်မြောက်နေ့ဖြစ်ပြီး၊ နှစ်သစ်ကူးပွဲတော် မတိုင်မီ နိုင်ငံအတွက် ကိုယ်ကျိုးစွန့်ခဲ့ကြသူများကို ကျေးဇူးဆပ်ဂုဏ်ပြုသည့် အစဉ်အလာအရ ယခုကဲ့သို့ သွားရောက်အလေးပြုခဲ့ခြင်း ဖြစ်သည်။
Feb 15 • 5:28 AM
Vietnam
Local News
Share
| 10 | 0 | 0 | 0 |


