back

တာချီလိတ်၌ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ရုံးခွဲသစ် ဖွင့်လှစ်

Feb 15 • 5:27 AM

breaking-news

Myanmar

Shan

cover

တာချီလိတ်၌ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ရုံးခွဲသစ် ဖွင့်လှစ်

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံကြား လူမှုစီးပွားလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် ပြည်သူများ၏ အရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ မြန်မ...

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံကြား လူမှုစီးပွားလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် ပြည်သူများ၏ အရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း (တာချီလိတ်ရုံးခွဲ) ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ ရုံးသစ်၌ ကျင်းပခဲ့သည်။အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးတင်ဝင်း (သံအမတ်ကြီး-အငြိမ်းစား) က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း နှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင် လဝက ဒုခရိုင်မှူး Mrs. Pasonpon အပါအဝင် နှစ်နိုင်ငံ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ အဆိုပါ ရုံးခွဲသစ်ဖွင့်လှစ်ခြင်းဖြင့် နယ်စပ်ဒေသရှိ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပိုမိုထိရောက်သော အခန်းကဏ္ဍမှ ပါဝင်လာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

39