back

လွိုင်ကော်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် စာသင်ဝိုင်း ၁၈ ဝိုင်းဖြင့် သင်ကြားပေးနေ

Feb 15 • 5:24 AM

breaking-news

Myanmar

Kayah

cover

လွိုင်ကော်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် စာသင်ဝိုင်း ၁၈ ဝိုင်းဖြင့် သင်ကြားပေးနေ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို စုရပ် ၁၅ နေရာ၌ စာသင်ဝိုင်း ၁၈ ဝိုင်းဖြင့် သင်ကြားပေးလျက်ရှိသည်။ ...

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို စုရပ် ၁၅ နေရာ၌ စာသင်ဝိုင်း ၁၈ ဝိုင်းဖြင့် သင်ကြားပေးလျက်ရှိသည်။ အဆိုပါသင်တန်းများကို ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနတို့၏ ပံ့ပိုးမှုဖြင့် ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၁၃ ရက်အထိ ရက်ပေါင်း ၄၀ ကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၉၈ ဦး တက်ရောက်လျက်ရှိသည်။ ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် လောဓမ္မ အထက်တန်းကျောင်းခွဲရှိ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စခန်းသွင်းလေ့ကျင့်နေမှုများကိုလည်း ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

39