back

စိုးမိုးဇော် လက်ဒဏ်ရာကြောင့် ခွန်ခမာပြိုင်ပွဲတွင် ပြိုင်ဘက်ကို အရှုံးပေးခဲ့ရ

Feb 15 • 5:25 AM

breaking-news

Myanmar

Local

cover

စိုးမိုးဇော် လက်ဒဏ်ရာကြောင့် ခွန်ခမာပြိုင်ပွဲတွင် ပြိုင်ဘက်ကို အရှုံးပေးခဲ့ရ

မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော် သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် Xtreme Cambodia Kun Khmer ပြိုင်ပွဲ၌ အိမ်ရှင်ဖိုက်တာ မာကာရာကို ဒုတိ...

မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော် သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် Xtreme Cambodia Kun Khmer ပြိုင်ပွဲ၌ အိမ်ရှင်ဖိုက်တာ မာကာရာကို ဒုတိယအချီတွင် အမှတ်စဉ်ရေတွက်ခံရသည့်အထိ အသာစီးထိုးသတ်နိုင်ခဲ့သော်လည်း၊ ယခင်ရရှိထားသည့် ညာလက်ဒဏ်ရာ ပြန်လည်နာကျင်လာမှုကြောင့် တတိယအချီတွင် ဆက်မထိုးနိုင်ဘဲ အရှုံးပေးခဲ့ရသည်။ စိုးမိုးဇော်သည် ပြည်တွင်းပွဲကတည်းက ညာလက်ဒဏ်ရာရရှိထားသော်လည်း ကတိတည်စေရန်အတွက် ပွဲလက်ခံထိုးသတ်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ ၎င်း၏လက်ဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်ထားရသဖြင့် တစ်လခွဲခန့် အနားယူရမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

28