back

မြဝတီတွင် တစ်နှစ်ကျော်အတွင်း တရားမဝင်ဝင်ရောက်သည့် ပြည်ပနိုင်ငံသား ၁၄,၀၀၀ ကျော် ဖော်ထုတ်ထိန်းသိမ်းခံရ

Feb 15 • 5:22 AM

breaking-news

Myanmar

Kayin

cover

မြဝတီတွင် တစ်နှစ်ကျော်အတွင်း တရားမဝင်ဝင်ရောက်သည့် ပြည်ပနိုင်ငံသား ၁၄,၀၀၀ ကျော် ဖော်ထုတ်ထိန်းသိမ်းခံရ

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်ကာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄...

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်ကာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄,၂၀၅ ဦးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်အထိ တစ်နှစ်ကျော်ကာလအတွင်း ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထိန်းသိမ်းခဲ့သူများအနက် လူဦးရေ ၁၃,၁၁၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသည့် ပြည်ပနိုင်ငံသား ၁,၀၈၈ ဦးကိုလည်း ဆက်လက်လွှဲပြောင်းပေးနိုင်ရန် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းနှင့် ဖေဖော်ဝါရီ ၁၄ ရက်တွင်လည်း တရုတ်နိုင်ငံသား ၅ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

35