မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၂၃၀ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး နှစ်နိုင်ငံပြည်သူများအတွက် မြင်သာထင်သာသော အကျိုးကျေးဇူးများ ဖြစ်ထွန်းစေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဖေဖော်ဝါရီ ၁၄ ရက် ရန်ကုန်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် (မြင်းနှစ်) တရုတ်နှစ်သစ်ကူးပွဲတော်တွင် ပြောကြားလိုက်သည်။သံအမတ်ကြီး၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၁၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည့်အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ၂၅၀,၀၀၀ ကျော် စေလွှတ်နိုင်ခဲ့သဖြင့် မြန်မာ့ခရီးသွားလုပ်ငန်း၏ အကြီးဆုံးအရင်းအမြစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။ ထို့ပြင် မန္တလေးငလျင်အပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံ၏ ပါဝင်ကူညီမှုများသည် "အေးအတူပူအမျှ ကံကြမ္မာတူအသိုက်အဝန်း" နှင့် "ပေါက်ဖော်ချစ်ကြည်ရေး" စိတ်ဓာတ်ကို ပိုမိုခိုင်မာစေခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု ၂၃၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း တရုတ်သံအမတ်ကြီး ပြောကြား
Feb 15 • 5:20 AM
China
Local News
Share
| 15 | 0 | 0 | 0 |


