back

ရွှေခဲများကို ထိုင်းနိုင်ငံသို့ တရားမဝင်သယ်ဆောင်လာသည့် မြန်မာနိုင်ငံသားတစ်ဦး ကန်ချနဘူရီ၌ ဖမ်းဆီးခံရ

Feb 15 • 5:06 AM

breaking-news

Thailand

Local News

cover

ရွှေခဲများကို ထိုင်းနိုင်ငံသို့ တရားမဝင်သယ်ဆောင်လာသည့် မြန်မာနိုင်ငံသားတစ်ဦး ကန်ချနဘူရီ၌ ဖမ်းဆီးခံရ

တနင်္သာရီမြစ်အတွင်းမှ ရရှိသည့် ရွှေခဲများကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်သယ်ဆောင်လာသည့် အသက် ၅၄ နှစ်အရွယ် မြန်မာနိုင်ငံသား "ဘွိုင်းဒိုင်းမွန်" ဆိုသူကို ဖေဖေ...

တနင်္သာရီမြစ်အတွင်းမှ ရရှိသည့် ရွှေခဲများကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်သယ်ဆောင်လာသည့် အသက် ၅၄ နှစ်အရွယ် မြန်မာနိုင်ငံသား "ဘွိုင်းဒိုင်းမွန်" ဆိုသူကို ဖေဖော်ဝါရီ ၁၃ ရက်က ကန်ချနဘူရီခရိုင်၊ ဖူးနမ့်ရွန်နယ်စပ်ဒေသ တောလမ်းတစ်ခုတွင် ထိုင်းလုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ၎င်းထံမှ စုစုပေါင်းအလေးချိန် ၄၃၄ ဂရမ်ရှိ ရွှေခဲ ၂၅ ခဲကို သိမ်းဆည်းရမိခဲ့ပြီး၊ အဆိုပါရွှေခဲများသည် ထီးခီးကျေးရွာအနီး တနင်္သာရီမြစ်အတွင်း သူငယ်ချင်းဖြစ်သူများနှင့်အတူ ရွှေကျင်ရာမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးရမိသူကို ကန်ချနဘူရီမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကာ တရားမဝင်ဝင်ရောက်မှုနှင့် အကောက်ခွန်မဲ့ကုန်ပစ္စည်း သယ်ဆောင်လာမှုတို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

17