back

ထိုင်း၌ အလုပ်လုပ်ခွင့်လိုင်စင်မရှိဘဲ ရုပ်ရှင်ရိုက်ကူးသည့် နိုင်ငံခြားသား ၄၆ ဦး ဖမ်းဆီးခံရ

Feb 15 • 5:03 AM

breaking-news

Thailand

Local News

cover

ထိုင်း၌ အလုပ်လုပ်ခွင့်လိုင်စင်မရှိဘဲ ရုပ်ရှင်ရိုက်ကူးသည့် နိုင်ငံခြားသား ၄၆ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကရဘီခရိုင်ရှိ စွန့်ပစ်သတ္တုတွင်းတစ်ခုတွင် ဒူဘိုင်းမြို့နောက်ခံအဖြစ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲတစ်ခုကို တရားမဝင်ရိုက်ကူးနေသည့် ယူအေအီး၊ ကာတာ၊ အီရတ်...

ထိုင်းနိုင်ငံ၊ ကရဘီခရိုင်ရှိ စွန့်ပစ်သတ္တုတွင်းတစ်ခုတွင် ဒူဘိုင်းမြို့နောက်ခံအဖြစ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲတစ်ခုကို တရားမဝင်ရိုက်ကူးနေသည့် ယူအေအီး၊ ကာတာ၊ အီရတ်နှင့် မော်ရိုကိုနိုင်ငံသား ၄၆ ဦးကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ဖမ်းဆီးခံရသူအားလုံးမှာ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိသူများဖြစ်သဖြင့် ၎င်းတို့ကို ဒဏ်ငွေချမှတ်ကာ ပြည်နှင်ဒဏ်ပေးသွားမည်ဖြစ်ပြီး ၂ နှစ်အတွင်း ထိုင်း၌ အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။ ထို့ပြင် ခွင့်ပြုချက်သက်တမ်းကုန်ဆုံးနေသော်လည်း ရိုက်ကူးရေးကို ဆက်လက်လုပ်ကိုင်ခဲ့သည့် ထိုင်းရုပ်ရှင်ကုမ္ပဏီမှာလည်း တရားမဝင်အလုပ်သမားတစ်ဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမည့်အပြင် ကြီးလေးသောပြစ်ဒဏ်များ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

news-view-count-icon

11