ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်) ကို တည်ဆောက်လျက်ရှိရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ဖေဖော်ဝါရီ ၁၄ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့သည်။နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန (ရန်ကုန်) အကောင်အထည်ဖော်ရာတွင် ခိုင်ခံ့မှုရှိရေးနှင့် အချိန်မီပြီးစီးရေးမှာကြားပြီး အဆောက်အအုံအတွင်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။ပြည်ထောင်စုဝန်ကြီးအား နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်) ကို တာဝန်ယူတည်ဆောက်လျက်ရှိသည့် Myanmar Land & Development Ltd ဆောက်လုပ်ရေးကုမ္ပဏီမှ Project Director က တည် ဆောက်ရေးစီမံကိန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။



