back

ကရင်ပြည်နယ်၊ကယန်းဒေသတွင် ဒေသခံများ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကိုယ်ထူကိုယ်ထ လမ်းခင်းခဲ့

Feb 15 • 2:37 AM

breaking-news

Myanmar

Kayin

cover

ကရင်ပြည်နယ်၊ကယန်းဒေသတွင် ဒေသခံများ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကိုယ်ထူကိုယ်ထ လမ်းခင်းခဲ့

ကရင်ပြည်နယ်၊ ကယန်းဒေသ၊ အမှတ် ၂ ခရိုင်၊ အမှတ် ၆ မြို့နယ်၊ တောင်မြင့်ရွာမကျေးရွာမှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ထူကိုယ်ထ ကွန်ကဒစ်လမ်းခင်းတာတွေ ပြီးခဲ့တဲ့...

ကရင်ပြည်နယ်၊ ကယန်းဒေသ၊ အမှတ် ၂ ခရိုင်၊ အမှတ် ၆ မြို့နယ်၊ တောင်မြင့်ရွာမကျေးရွာမှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ထူကိုယ်ထ ကွန်ကဒစ်လမ်းခင်းတာတွေ ပြီးခဲ့တဲ့ ဖေဖော်၀ါရီလ ၇ ရက်နေ့ကနေစတင်ပြီး ယနေ့အထိ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလမ်းဟာ ဒေသအတွင်းအလှူရှင်တွေစုပေါင်းပြီး ကူညီပေးခဲ့တာဖြစ်သလ်ို ရွာလုံးကျွတ် လမ်းခင်းခဲ့တာလို့လည်းသိရပါတယ်။ အခုလိုတနိုင်တစ်ပိုင် လမ်းခင်းကြတာဟာ ကျေးရွာဖွံ့ဖြိုးရေးအတွက်လိုအပ်နေတဲ့ အခန်းကနေ ပူးပေါင်းပါ၀င်ကြတာလို့လည်းသိရပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ မိုးရာသီချိန်တွေမှာသက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအတွက် ကျောင်းသွားကျောင်းပြန်အခက်အခဲဖြစ်နေတာတွေကို ဖြေရှင်းနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ အလှူရှင်တွေစုပေါင်းပြီး ပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒေသခံတွေစုပေါင်းပြီးပြုလုပ်ခဲ့ကြတဲ့ အဆိုပါကိုယ်ထူကိုထလမ်းဟာ ဆောက်လုပ်ပြီးစီးသွားပါက လမ်းဖွင့်ပွဲပါကျင်းပပြုလုပ်သွားဦးမှာဖြစ်တယ်လ်ိုလည်းသိရပါတယ်။

news-view-count-icon

18