back

မကွေးတိုင်း၊ဂန့်ဂေါမြို့တွင် “ဝိနယဝါစီငွေရတုဓမ္မဗိမာန်တော်ကြီး” ရေစက်ချပွဲအခမ်းအနားကျင်းပပြုလုပ်

Feb 15 • 2:36 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊ဂန့်ဂေါမြို့တွင် “ဝိနယဝါစီငွေရတုဓမ္မဗိမာန်တော်ကြီး” ရေစက်ချပွဲအခမ်းအနားကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ ခေမာသီဝံပရိယတ္တိ စာသင်တိုက်ကြီးအတွင်း ဆောက်လုပ်ပြီးစီးခဲ့သော “ဝိနယဝါစီငွေရတုဓမ္မဗိမာန်တော်က...

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ ခေမာသီဝံပရိယတ္တိ စာသင်တိုက်ကြီးအတွင်း ဆောက်လုပ်ပြီးစီးခဲ့သော “ဝိနယဝါစီငွေရတုဓမ္မဗိမာန်တော်ကြီး” ရေစက်ချပွဲ နှင့် ဘွဲ့ရသံဃာတော်အရှင်သူမြတ် (၄)ပါးတို့အား ချီးကျူးဂုဏ်ပြုပူဇော်မင်္ဂလာပွဲအခမ်းအနားအား ယမန်နေ့ (၀၈:၃၀)နာရီအချိန်တွင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဇဋိလနှင့်သံဃာတော်(၄၅)ပါးဖြင့် ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါအခမ်းအနားသို့ ဂန့်ဂေါခရိုင်/ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒါယကာ/ဒါယိကာမများ တက်ရောက်ခဲ့ကြပြီး ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသာလင်္ကာရနှင့် သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်(၃)ပါး အား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ဘွဲ့တံဆိပ်တော် နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဩဝါဒခံယူခြင်း၊ ဒါယကာ/ဒါယိကာမများမှ တရားတော်များနာယူခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ် ခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

news-view-count-icon

35