back

ထိုင်းနိုင်ငံတစ်ဝန်း ယခုနှစ် ချစ်သူများနေ့မှာ ထူးထူးခြားခြား လက်ထပ်မှတ်ပုံတင်ခဲ့ကြတဲ့ စုံတွဲပေါင်း ထောင်နဲ့ချီရှိလာ

Feb 15 • 2:35 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတစ်ဝန်း ယခုနှစ် ချစ်သူများနေ့မှာ ထူးထူးခြားခြား လက်ထပ်မှတ်ပုံတင်ခဲ့ကြတဲ့ စုံတွဲပေါင်း ထောင်နဲ့ချီရှိလာ

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျရောက်တဲ့ ချစ်သူများနေ့မှာ ထိုင်းနိုင်ငံတစ်ဝန်းက စုံတွဲတွေဟာ မြေပြင်၊ ဝေဟင်နဲ့ ရေအောက်နေရာအသီးသီးမှာ ထူးထူးခြားခြား လက်ထပ်မှတ်...

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျရောက်တဲ့ ချစ်သူများနေ့မှာ ထိုင်းနိုင်ငံတစ်ဝန်းက စုံတွဲတွေဟာ မြေပြင်၊ ဝေဟင်နဲ့ ရေအောက်နေရာအသီးသီးမှာ ထူးထူးခြားခြား လက်ထပ်မှတ်ပုံတင်ခဲ့ကြပါတယ်။ ဘန်ကောက်မြို့မှာဆိုရင် စုံတွဲပေါင်း ၃,၂၀၀ ကျော် လက်ထပ်ခဲ့ကြပြီး အဲဒီထဲမှာ တန်းတူညီမျှအိမ်ထောင်ရေးဥပဒေအရ လိင်တူစုံတွဲ ၂၁၁ တွဲလည်း ပါဝင်တာကြောင့် ဘန်ကောက်ဟာ အချစ်နဲ့ တန်းတူညီမျှမှုကို လက်ခံတဲ့ မြို့အဖြစ် ပိုပြီး ထင်ရှားလာပါတယ်။မြောက်ပိုင်း ချင်းရိုင်မှာတော့ Singha Park International Balloon Fiesta ပွဲတော်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ စုံတွဲ ၁၄ တွဲဟာ မိုးပျံပူဖောင်းတွေပေါ်မှာ ဝေဟင်ထက် ပျံသန်းရင်း လက်ထပ်မှတ်ပုံတင်ခဲ့ကြပါတယ်။ ဒီပွဲဟာ ချင်းရိုင်ကို ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ "ကမ္ဘာ့အဆင့် အချစ်ပန်းတိုင်" တစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။တောင်ပိုင်း ထရန် မှာလည်း ၂၉ ကြိမ်မြောက် ရေအောက်လက်ထပ်ပွဲတော်ကို ကျင်းပခဲ့ပြီး ထိုင်းနဲ့ နိုင်ငံခြားသားစုံတွဲ စုစုပေါင်း ၂၀ ပါဝင်ခဲ့ပါတယ်။ အဲဒီထဲက စုံတွဲ ၆ တွဲဟာ ပင်လယ်ရေအောက် ၅ မီတာခန့်အနက်မှာ ငါးလေးတွေကို သက်သေထားပြီး ရေအောက်လက်ထပ်မှတ်ပုံတင်လွှာတွေနဲ့အတူ ထူးထူးခြားခြား လက်ထပ်ခဲ့ကြတာပါ။

news-view-count-icon

36