ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ နီးပါးဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုတွေရှိလာနေတဲ့အတွက် ရခိုင်မှာလည်း အဲဒီရောဂါကို အထူးသတိထားဖို့လိုအပ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။လူကိုသေစေနိုင်တဲ့ နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါဟာ ရခိုင်ပြည်နဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာ ကူးစက်ပြန့်ပွားလျက်ရှိနေပြီး လူသေဆုံးတဲ့အထိရှိလာနေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းမှာ နီးပါးဗိုင်းရပ်စ်ကြောင့် အသက် ၅၀ ခန့်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာလည်း အဲဒီရောဂါကူးစက်ခံထားရတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးသူနာပြုတစ်ယောက်ဟာ ဖေဖော်ဝါရီ ၁၂ ရက်က သေဆုံးသွားခဲ့တယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။လက်ရှိမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ ရခိုင်ပြည်တို့ဟာ ကုန်စည်ကူးသန်းမှုတွေနဲ့ ကုန်သည်တွေ ဝင်ထွက်သွားလာမှုတွေရှိနေတဲ့အတွက် အဲဒီရောဂါကို ရခိုင်ပြည်သူတွေ အထူးသတိထားကြဖို့လိုအပ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂလားနဲ့ အိန္ဒိယမှာ နီပါးဗိုင်းရပ်စ်ကြောင့် လူသေမှုတွေရှိလာလို့ အထူးသတိထားရန်ပြောကြားနေ
Feb 15 • 2:35 AM
Myanmar
Rakhine
Share
| 31 | 0 | 0 | 0 |


