back

ကရင်ပြည်နယ်၊ကယန်းဒေသများတွင် ပညာရေးဆိုင်ရာ လူထုအမြင်ဖွင့် ဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ခဲ့

Feb 15 • 2:34 AM

breaking-news

Myanmar

Kayin

cover

ကရင်ပြည်နယ်၊ကယန်းဒေသများတွင် ပညာရေးဆိုင်ရာ လူထုအမြင်ဖွင့် ဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ခဲ့

ကရင်ပြည်နယ်၊ကယန်းဒေသများတွင်Supporting Essential Education – SEE ရဲ့ Basic Education Program ( အခြေခံပညာရေး ပရိုဂရမ်) ကနေဦးဆောင်ပြီး ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်န...

ကရင်ပြည်နယ်၊ကယန်းဒေသများတွင်Supporting Essential Education – SEE ရဲ့ Basic Education Program ( အခြေခံပညာရေး ပရိုဂရမ်) ကနေဦးဆောင်ပြီး ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွင်း ကယန်းဒေသအတွင်းမှာရှိတဲ့ ကျေးရွာတွေနဲ့ ဒေသခံလူထုတွေ ၊ စစ်ဘေးရှောင်နေကြတဲ့ ကျောင်းသား/ သူတွေ၊ မိဘတွေ၊ ကျောင်းကော်မတီ၊ ဆရာ/မစတာတွေနဲ့အတူ Education Sensitization Event ( ESE ) ခေါ် ပညာရေးဆိုင်ရာလူထုအမြင်ဖွင့် ဆွေးနွေးပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ ‎အဲဒီပညာရေးဆိုင်ရာလူထုအအမြင်ဖွင့်ဆွေးနွေးပွဲဟာ ကယန်းဒေသအတွင်းမှာရှိတဲ့ နေရာ ၅ခုမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရပ်ရွာလူမှုအသိုင်းအဝိုင်းတွေမှာ ပညာရေးဦးစားပေးမှုတွေကို ပိုမိုမြှင့်တင်နိုင်ဖို့ ၊အခြေခံပညာရေးဝန်ဆောင်မှုမြှင့်တင်နိုင်ဖို့နဲ့ စာတတ်မြောက်နှုန်းမြင့်မားလာစေဖို့အပြင် ကျောင်းသားမိဘတွေ ပညာရေးမှာ ပိုမို စိတ်ဝင်စားပါဝင်လာဖို့နဲ့ လူငယ်တွေအနေနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အသိပညာအခွင့်အလမ်းတွေကို လက်လှမ်းမှီလာစေဖို့ စတဲ့ရည်ရွယ်ချက် ၃ ချက် နဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။ ‎အဲဒီ ပညာရေးဆိုင်ရာလူထုအမြင်ဖွင့်ဆွေးနွေးပွဲမှာ SEE အဖွဲ့အစည်းရဲ့ နောက်ခံသမိုင်းအကျဉ်းနဲ့ လုပ်ဆောင်ချက်ကို တင်ပြတာတွေ ၊ ပညာရေးဆိုင်ရာ ဆွေးနွေးဟောပြောတာတွေအပြင် ရိုးရာအကပြိုင်ပွဲတွေ ၊ ပုံပြင်ဆက်ပြောပြိုင်ပွဲ ၊ ကျပန်းပြိုင်ပွဲနဲ့ အားကစားပြိုင်ပွဲတွေပါထည့်သွင်းကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

news-view-count-icon

19