back

ဘာစီလိုနာအသင်း ကူဘာစီရဲ့ သွင်းဂိုးအတွက် တရားဝင် စောဒကတက်ခဲ့

Feb 15 • 2:32 AM

breaking-news

Myanmar

International

cover

ဘာစီလိုနာအသင်း ကူဘာစီရဲ့ သွင်းဂိုးအတွက် တရားဝင် စောဒကတက်ခဲ့

ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်က ပါအုကူဘာစီရဲ့ သွင်းဂိုးကို လူကျွံနေတယ်ဟုဆိုက...

ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်က ပါအုကူဘာစီရဲ့ သွင်းဂိုးကို လူကျွံနေတယ်ဟုဆိုကာ ခွင့်မပြုခဲ့တာနဲ့ ပတ်သက်ပြီး တော်ဝင်စပိန်ဘောလုံးအဖွဲ့ချုပ် ၊ နည်းစနစ်ဆိုင်ရာ ဒိုင်လူကြီးအဖွဲ့ဥက္ကဌ နဲ့ VAR အဖွဲ့ဥက္ကဌတို့ထံ တရားဝင် စောဒကတက်မှုပြုလုပ်ပေးပို့ထားတယ်လို့ အသိပေးလာခဲ့ပါတယ်။ဘာစီလိုနာဟာ အဆိုပါသွင်းဂိုးကို ရယူလိုနေပြီး ဒီဂိုးကို ခွင့်ပြုပေးခဲ့ပါက ပွဲရလဒ် ၄-၁ ဖြစ်သွားပြီး ဒုတိယအကျော့ပွဲစဉ်မှာ comeback ပြုလုပ်နိုင်ဖို့ အလားအလာပိုမိုကောင်းမွန်သွားမှာပဲ ဖြစ်ပါတယ် ။

news-view-count-icon

29