menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ဝုလ်ဗ်နည်းပြဟောင်း ပယ်ရေရာကို အသင်းနည်းပြသစ်အဖြစ် နော်တင်ဟမ် ခန့်အပ်မယ်

Feb 15 • 2:31 AM

breaking-news

Myanmar

International

Share

share-news
cover

ဝုလ်ဗ်နည်းပြဟောင်း ပယ်ရေရာကို အသင်းနည်းပြသစ်အဖြစ် နော်တင်ဟမ် ခန့်အပ်မယ်

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဝုလ်ဗ်နည်းပြဟောင်း ဗစ်တာပယ်ရေရာကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်တော့မယ်လို့ သိရပါတယ်။နော်တင်ဟမ်ဘက်က တရားဝင်မထုတ်ပြန်သေးပေမဲ့ လက်မှတ်ရေးထ...

cover-photo

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဝုလ်ဗ်နည်းပြဟောင်း ဗစ်တာပယ်ရေရာကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်တော့မယ်လို့ သိရပါတယ်။နော်တင်ဟမ်ဘက်က တရားဝင်မထုတ်ပြန်သေးပေမဲ့ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပြီး စာချုပ်မှာ လာမယ့်ရာသီကုန်အထိ ဖြစ်ပါတယ်။နော်တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီအတွင်း နည်းပြလေးဦးပြောင်းလဲခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ပါလိမ့်မယ်။ပယ်ရေရာမတိုင်ခင် အခုရာသီအတွင်း နူနိုဆန်တို၊ ပိုစတီကိုဂလူး၊ ရှောင်ဒိုက်စတဲ့ နည်းပြ သုံးဦးအထိ ကိုင်တွယ်ခဲ့တာပါ။ပယ်ရေရာ(၅၇ နှစ်)ဟာ ဝုလ်ဗ်အသင်းနည်းပြအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ခန့်အပ်ခံရပြီး ၁၁လသာကိုင်တွယ်ခွင့်ရခဲ့ကာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ထုတ်ပယ်ခံခဲ့ရပါတယ်။နော်တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၇ နေရာ ရပ်တည်နေပြီး တန်းဆင်းဇုန် အဆင့် ၁၈ က အသင်းနဲ့သုံးမှတ်သာ ကွာဟနေပါတယ်။

news-view-count-icon

25

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

တူဒေါကို ရာသီကုန်အထိ နည်းပြအဖြစ်ခန့်အပ်ဖို့ စပါး သဘောတူညီမှု ရရှိ

ဘာစီလိုနာအသင်း ကူဘာစီရဲ့ သွင်းဂိုးအတွက် တရားဝင် စောဒကတက်ခဲ့

cover-photo
right-arrow-icon