back

တူဒေါကို ရာသီကုန်အထိ နည်းပြအဖြစ်ခန့်အပ်ဖို့ စပါး သဘောတူညီမှု ရရှိ

Feb 15 • 2:30 AM

breaking-news

Myanmar

International

cover

တူဒေါကို ရာသီကုန်အထိ နည်းပြအဖြစ်ခန့်အပ်ဖို့ စပါး သဘောတူညီမှု ရရှိ

စပါးအသင်းဟာ ခရိုအေးရှားလူမျိုးနည်းပြ တူဒေါကို ရာသီကုန်အထိ နည်းပြအဖြစ်ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။တန်းဆင်းဇုန်နဲ့ ငါးမှတ်သာကွာတော့တဲ့ စပါးအသင်းဟာ ဖရန့်ခ...

စပါးအသင်းဟာ ခရိုအေးရှားလူမျိုးနည်းပြ တူဒေါကို ရာသီကုန်အထိ နည်းပြအဖြစ်ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။တန်းဆင်းဇုန်နဲ့ ငါးမှတ်သာကွာတော့တဲ့ စပါးအသင်းဟာ ဖရန့်ခ်ကို အခုတစ်ပတ်အစောပိုင်းမှာ ထုတ်ပယ်ခဲ့တာပါ။တူဒေါဟာ စီးရီးအေထိပ်သီကလပ် ဂျူဗင်တပ်စ်အသင်းမှာ ရှစ်ပွဲဆက် နိုင်ပွဲပျောက်ပြီးနောက် ပြီးခဲ့တဲ့အောက်တိုဘာလက ရာထူးကနေထုတ်ပယ်ခံရတာဖြစ်တယ်။၎င်းအနေနဲ့ စပါးအသင်းနည်းပြရာထူးဟာ ၁၁ နှစ်အတွင်း ၁၂ ခုမြောက် နည်းပြအလုပ်လည်း ဖြစ်လာပါလိမ့်မယ်။နည်းပြဘဝမှာ ဟာဒူစပလစ်၊ PAOK၊ ကာရာဘူစပေါ်၊ ဂါလာတာစာရေး၊ အူဒီးနီးစ်၊ ဗီရိုနာ၊ မာဆေးလ်၊ လာဇီယို၊ ဂျူဗင်တပ်စ်အသင်းတွေကိုတာဝန်ယူခဲ့တာပါ။စပါးအသင်းဟာ ဒေါ့မွန်နဲ့ ဝက်စ်ဟမ်းနည်းပြဟောင်း တယ်ဇစ်၊ လိုက်ပ်ဇစ်နည်းပြဟောင်း မာကိုရို့စ်၊ မာဆေးလ်နည်းပြဟောင်း ဒီဇယ်ဘီ၊အသင်းနည်းပြဟောင်း ပိုချက်တီနိုတို့နဲ့လည်း သတင်းထွက်ခဲ့ပါတယ်။

news-view-count-icon

35