back

မြန်မာ့ဖရဲဈေးကွက် အရောင်းအဝယ်အေးလာ

Feb 15 • 1:40 AM

breaking-news

Myanmar

Local

cover

မြန်မာ့ဖရဲဈေးကွက် အရောင်းအဝယ်အေးလာ

ပြည်တွင်း ဖရဲစျေးကွက် ဆက်တိုက်ဆိုသလို အရောင်းအဝယ်အေးလာပြီး တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲ -သခွားကားများ အစီးရာချီ မိုင်းလား -တာလော့ဂိတ်တွင် သောင်တင်နေကြောင်း ...

ပြည်တွင်း ဖရဲစျေးကွက် ဆက်တိုက်ဆိုသလို အရောင်းအဝယ်အေးလာပြီး တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲ -သခွားကားများ အစီးရာချီ မိုင်းလား -တာလော့ဂိတ်တွင် သောင်တင်နေကြောင်း ဖရဲသစ်သီးပွဲရုံများ ထံမှ သိရပါသည်။တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ရန်အတွက် ဖရဲကားများကို အထူးစီစစ်ရေးများ လုပ်နေသည့်အတွက် တစ်ရက်ကို အစီးရေအနည်းငယ်သာဝင်ခွင့်ရနေကြောင်းလည်း သိရပါသည်။လက်ရှိတွင် ဖရဲဈေးကျနေဆဲဖြစ်ပြီး အသီးကောင်းလျှင်အရောင်းအဝယ် သွက်ပြီး အသီးညံ့လျှင် ဈေးပေးမည့် လူမရှိသည့် အနေအထားမျိုးတွင် ရှိကြောင်းလည်း သိရပါသည်။ ထို့ကြောင့် ဝယ်လိုအားထက် ရောင်းလိုအားက ပိုနေသည့်အတွက် နေ့စဉ် လက်ကျန်ကားများ ကျန်ရှိနေကြောင်းလည်း သိရပါသည်။"တရုတ်နှစ်သစ်ကူးအကြို ဒီလိုကာလတွေမှာဆို ဖရဲ သခွားဈေးက တက်နေကြပါ။ ဖရဲ ကားအဝင်များတယ်ဆိုတာလဲ အစီးရေ ၂၀-၃၀ပဲ ရှိပါတယ် ''ဟု နယ်စပ်သို့ တင်ပို့နေသည့် သစ်သီးပွဲရုံ တစ်ခုက ပြောပါသည်။ လက်ရှိ ဖရဲသီးစီးပြတ်လျှင် ယွမ် 30,000 - 40,000 ပတ်ဝန်းကျင်သာ အရောင်းဝယ်ဖြစ်နေကြောင်း အဆိုပါ ပွဲရုံများထံမှ သိရပါသည်။ထို့ကြောင့် လမ်းခရီးကြန့်ကြာပြီး တာလော့အတွင်းသို့ ဝင်ရောက်ရန် ရက်ရှည်စောင့်ဆိုင်းနေရသည့် အတွက် သစ်သီးများ အပုတ်အနာများဖြစ်၍ တောင်သူ နှင့် လုပ်ငန်းရှင်များဆုံးရှုံးမှု များရှိနေကြောင်းလည်းသိရပါသည်။

news-view-count-icon

25