back

စင်ကာပူ၊Changi Airport အိမ်သာထဲအထိ ခိုးဝင်ပြီး ဗီဒီယိုရိုက်ခဲ့သည့် အိန္ဒိယနိုင်ငံသား ထောင်ဒဏ်ချမှတ်ခံရ

Feb 15 • 1:39 AM

breaking-news

Singapore

Local News

cover

စင်ကာပူ၊Changi Airport အိမ်သာထဲအထိ ခိုးဝင်ပြီး ဗီဒီယိုရိုက်ခဲ့သည့် အိန္ဒိယနိုင်ငံသား ထောင်ဒဏ်ချမှတ်ခံရ

စင်ကာပူနိုင်ငံ Changi Airport မှာ အမျိုးသမီးအိမ်သာထဲ ခိုးဝင်ပြီး ချောင်းမြောင်းရိုက်ကူးခဲ့တဲ့အပြင် နောက်ပိုင်းမှာ ပန်းခြံထဲ ကိုယ်လုံးတီးနဲ့ လျှောက်သွားခဲ့တဲ့ အိ...

စင်ကာပူနိုင်ငံ Changi Airport မှာ အမျိုးသမီးအိမ်သာထဲ ခိုးဝင်ပြီး ချောင်းမြောင်းရိုက်ကူးခဲ့တဲ့အပြင် နောက်ပိုင်းမှာ ပန်းခြံထဲ ကိုယ်လုံးတီးနဲ့ လျှောက်သွားခဲ့တဲ့ အိန္ဒိယနိုင်ငံသား အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၃ ပတ် ချမှတ်လိုက်ပါတယ်‌။ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ Ramu Rajapandi ဆိုသူဟာ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက Changi Airport Terminal 2 မှာ အိန္ဒိယကိုပြန်ဖို့ လေယာဉ်စောင့်နေရင်း အမျိုးသမီးအိမ်သာထဲ ခိုးဝင်ပုန်းအောင်းကာ ဘေးကူဘီထဲက အမျိုးသမီးကို ဖုန်းနဲ့ ၅ မိနစ်ကျော်ကြာ ခိုးယူမှတ်တမ်းတင်ခဲ့တာပါ‌။"ကူဘီ" (Cubicle) ဆိုတာကတော့ အများပြည်သူသုံး အိမ်သာတွေမှာ အခန်းငယ်လေးတွေဖြစ်အောင် အကာအကွယ်ပြားတွေနဲ့ တစ်ခန်းချင်းစီ ခွဲခြားထားတဲ့ အခန်းလေးတွေကို ပြောတာ ဖြစ်ပါတယ်‌။ယခုဖြစ်စဉ်မှာ နစ်နာသူ အမျိုးသမီးက ဖုန်းကို မြင်သွားပြီး အပြင်ထွက်အော်ဟစ် အကူအညီတောင်းခဲ့တာကြောင့် အများပြည်သူရဲ့ ဝိုင်းဝန်းဖမ်းဆီးပေးမှုနဲ့အတူ ရဲတပ်ဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်‌။တရားခံဖြစ်သူကတော့ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့နဲ့ သူ့နိုင်ငံကိုပဲ အမြန်ပြန်ချင်တယ်လို့ တောင်းဆိုခဲ့ပေမဲ့ တရားသူကြီးကတော့ သူကျူးလွန်ခဲ့တဲ့ အမှုနှစ်ခုစလုံးအတွက် ထောင်ဒဏ်ချမှတ်ခဲ့တာပါ‌။ စင်ကာပူဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ခိုးယူရိုက်ကူးမှုဟာ ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်သလို၊ အရက်မူးပြီး လူအများ စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်မှုအတွက်လည်း ငွေဒဏ်နဲ့ ထောင်ဒဏ်တွေ ချမှတ်နိုင်တာကြောင့် အခုလို ထောင်ဒဏ် ၁၃ ပတ် အမိန့်ချလိုက်တာ ဖြစ်ပါတယ်‌။

news-view-count-icon

18