ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း တနေရာက လမ်းမဘေးမှာရှိတဲ့နေအိမ်တအိမ်ကို ဖိုးဝီးကားတစ်စီးက ယမန်နေ့ည (၉)နာရီဝန်းကျင်မှာ ဝင်တိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။"ည(၉)နာရီကို အမတို့ကြားလိုက်တာ ဒီ(၁၁)မိုင်ကုန်းကနေ အပေါ်ကုန်းကနေ ကားလီဘာ တော်တော်ကြီးနင်းလာတာ အဲ့ကတည်းက သူ့ဟာမှောက်တော့မယ်ဆိုတဲ့အသံမျိုးပေါ့ အဲ့လိုဖြစ်တယ်။ အမအမျိုးသားကပြောတယ် သွားပြီ သွားပြီတဲ့ အဲ့ဒါမှောက်တော့မှာလို့ပြောတယ်။အဲ့လိုပြောတာသိပ်မကြာဘူး ဒီမှာလာပြီး ကြုံးတာပဲ။" လို့ လမ်းမဘေး အနီးနားအိမ်မှာ နေထိုင်သူတဦးက ပြောပါတယ်။ဖိုးဝီးကား အဖြူရောင်ဖြစ်ပြီး ကားဘီးချော်ကာ အရှိန်မထိန်းနိုင်ဘဲ ကားအနောက်ဖက်ကနေ ဝင်တိုက်သွားတယ်လို့ သူကဆက်ပြောပါတယ်။ ကားတိုက်ခံရတာကြောင့် အိမ်အရှေ့ခြမ်းဘက်မှာ ပျက်စီးခဲ့ပါတယ်။အဆိုပါ ကားက နေအိမ်ကို တိုက်မိပြီး ထွက်ပြေးသွားတာကြောင့် တာ၀န်ယူမှု မရှိဘဲ စည်းကမ်းမဲ့ မောင်းနှင်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ကယားပြည်နယ်၊ဒီးမော့ဆိုအနောက်ခြမ်းမှာ လမ်းမပေါ် မောင်းနှင်လာတဲ့ ကားတစီးက လမ်းဘေးအိမ်ကို ဝင်တိုက်မိပြီး ထွက်ပြေးသွား
Feb 15 • 1:37 AM
Myanmar
Kayah
Share
| 20 | 0 | 0 | 0 |


