ထိုင်းနိုင်ငံ Expressway ဌာနက တာဝန်ရှိသူတွေဦးဆောင်ပြီး ကော့စမွေနဲ့ ဒေသတွင်းကို ချိတ်ဆက်မယ့် တံတားကြီး တည်ဆောက်မယ့် အစီအစဥ်ကို ချပြလိုက်ပါပြီ။ ဘတ် ၇၄ ဘီလျံ တန်ကြေးရှိမှာဖြစ်ပြီး စုစုပေါင်း တံတားအရှည်က ၂၂ ကီလိုမီတာ (လမ်းကြောင်းအရှည်က ၃၇.၄၁ ကီလိုမီတာ) ရှိမှာပါ။ ဒီလမ်းက လေးလမ်းသွားဖြစ်မှာဖြစ်ပြီး Highway 4142 Don Sak ခရိုင်ကနေ ၊ နခွန်စီသမတ်ရတ်က Khanom ကို ဖြတ်ပြီး Highway 4170 ကော့စမွေ့ကို ဖြတ်သန်းမှာပါ။ သူ့ရဲ့ တံတားကြီးက အမြင့် ၅၀ မီတာရှိမှာဖြစ်ပြီး သင်္ဘောကြီးတွေ အေးဆေးဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။အရင်ကဆို စမွေကို ကုန်းတွင်းကနေ ဇက်၊ လှေတွေနဲ့ ၂ နာရီ သွားရတဲ့ခရီးကို မိနစ် ၂၀ နဲ့ သွားနိုင်အောင်လုပ်နိုင်မှာဖြစ်ပြီး ၂၄ နာရီ စိတ်ကြိုက်သွားနိုင်အောင် စီစဥ်ပေးမှာပါ။ သူတို့ လေ့လာမှူအရ ဒီတံတားကြီးသာ ပြီးသွားမယ်ဆို ဘတ် ၁၀၀၀-၁၂၀၀ ပေးပြီး ဖြတ်မယ့်သူတွေလည်းရှိတယ်လို့ သိထားလို့ ဝင်ငွေအရလည်း တွက်ခြေကိုက်နေပါတယ်။ ဒီတံတားမှာ မီးလိုင်း၊ ရေလိုင်းနဲ့ ဖုန်းလိုင်းတွေပါ ချိတ်ဆက်ထားမှာဖြစ်ပြီး စမွေအတွက်လည်း အားသာချက်ရှိမှာဖြစ်ပါတယ်။



