back

ထိုင်းမှာ လိင်တူ လက်ထပ်သူ စုံတွဲ ၂၆,၀၀၀ ကျော်လာပြီဖြစ်

Feb 15 • 1:35 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ လိင်တူ လက်ထပ်သူ စုံတွဲ ၂၆,၀၀၀ ကျော်လာပြီဖြစ်

ထိုင်းနိုင်ငံမှာ လိင်တူ စုံတွဲလက်ထပ်ခွင့်ကို ခွင့်ပြုပြီးတဲ့နောက် လိင်တူ စုံတွဲပေါင်း ၂၆၀၀၀ ကျော်ဟာ တရားဝင် ထိမ်းမြားလက်ထပ်ပြီးပါပြီ။ မနှစ်က ဇန်နဝါရီ ၂၃ ရက်မှာ ...


ထိုင်းနိုင်ငံမှာ လိင်တူ စုံတွဲလက်ထပ်ခွင့်ကို ခွင့်ပြုပြီးတဲ့နောက် လိင်တူ စုံတွဲပေါင်း ၂၆၀၀၀ ကျော်ဟာ တရားဝင် ထိမ်းမြားလက်ထပ်ပြီးပါပြီ။ မနှစ်က ဇန်နဝါရီ ၂၃ ရက်မှာ ဒီ ဥပဒေအတည်ပြုခဲ့တာဖြစ်ပြီး ဥပဒေက လိင်တူစုံတွဲတွေကို တရားဝင်ထိမ်းမြားခွင့်ပေးသလို၊ ကာကွယ်ရေးနဲ့ ရပိုင်ခွင့်တွေကိုလည်း တန်းတူညီမျှ ပေးထားတာဖြစ်ပါတယ်။ဇန်နဝါရီ ၂၃ ရက် ၂၀၂၅ ကနေ ဇန်နဝါရီ ၁၂ ရက် ၂၀၂၆ ခုနှစ်အထိ မင်္ဂလာဆောင်ခဲ့တဲ့ အတွဲပေါင်း ၂၆၅,၈၁၆ ကျော်ရှိရာမှာ မိန်းကလေးချင်း လက်ထပ်တာက ၂၀,၀၈၃ တွဲနဲ့ ယောကျ်ားလေးချင်းလက်ထပ်တာက ၆,၂၀၄ တွဲရှိပါတယ်။ ဒါပေမယ့်လည်း LGBTQ+ တွေရဲ့ အနှစ်သာရကို ထင်ဟပ်ခြင်းမရှိသေးဘဲ လက်ထပ်စာချုပ်တွေမှာ Gender အဖြစ် သတ်မှတ်ရမှာထက် Sex နဲ့သာခွဲခြားမှုတွေရှိနေတုန်းပါ။ အခုလို ကန့်သတ်မှုတွေကြောင့် ထိမ်းမြားလက်ထပ်မှုတွေ မှတ်တမ်းတင်တဲ့အခါ သေချာ စနစ်တကျမရှိသေးဘဲ LGBTQ+ တွေရဲ့ ထိမ်းမြားလက်ထပ်မှုတွေက ဒီထက်များနိုင်တယ်လို့ Bangkok Pride အဖွဲ့အစည်းက သတ်မှတ်ထားပါတယ်။

news-view-count-icon

20