ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အခြေခံစာတတ်မြောက်ရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ၌ တိုင်းရင်းသားပြည်သူများ စာသင်ကြားနေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့သည်။အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ စုရပ်ပေါင်း (၁၅)နေရာ၊ စာသင်ဝိုင်း (၁၈) ဝိုင်း၌ ဖေဖော်ဝါရီလ ၂ ရက်မှ မတ်လ ၁၃ ရက်အထိ ရက်ပေါင်း (၄၀) ကြာ၊ သင်ကြားချိန် နာရီပေါင်း (၁၂၀) ဖြင့် သင်တန်းသား/သင်တန်းသူ (၁၉၈) ဦးအား သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ သင်ကြားပို့ချနေမှုနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေး လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေး
Feb 15 • 1:34 AM
Myanmar
Kayah
Share
| 18 | 0 | 0 | 0 |


