back

မဲဆောက်မှာ ခွေးရူးပြန်ရောဂါဖြစ်ပွားနေတာကြောင့် တချို့ရပ်ကွက်တွေမှာ ယာယီရောဂါဇုန် အဖြစ်သတ်မှတ်

Feb 14 • 4:26 PM

breaking-news

Thailand

Local News

cover

မဲဆောက်မှာ ခွေးရူးပြန်ရောဂါဖြစ်ပွားနေတာကြောင့် တချို့ရပ်ကွက်တွေမှာ ယာယီရောဂါဇုန် အဖြစ်သတ်မှတ်

ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန (Ministry of Agriculture and Cooperatives) အောက်မှာရှိတဲ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (Department of Lives...

ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန (Ministry of Agriculture and Cooperatives) အောက်မှာရှိတဲ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (Department of Livestock Development - DLD) က တိရစ္ဆာန်ကူးစက်ရောဂါ အက်ဥပဒေ ၂၅၅၈ အရ ထုတ်ပြန်တာ ဖြစ်ပါတယ်။၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ မတ်လ ၁၄ ရက်နေ့အထိ ၁ လကြာ ယာယီရောဂါဇုန်အဖြစ် သတ်မှတ်လိုက်တာပါ။ယာယီရောဂါဇုန် အဖြစ် သတ်မှတ်လိုက်တဲ့ နယ်မြေတွေကတော့ မဲပရပ်ကွက်၊ အုပ်စု (၁)၊ ဒွန်ချိုင်းရပ်ကွက်နှင့် ရူမ်ရဲန်းရပ်ကွက်၊ ဘန်နူရာဆာမတ်ခီးရပ်ကွက်၊ မဏီဖရိုင်စွန်ရပ်ကွက်နှင့် ကျောက်ကျော ဆာမတ်ခီးရပ်ကွက် တို့ဖြစ်ပါတယ်။အဆိုပါ ညွှန်ကြားချက်တွေကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ပါက ထောင်ဒဏ် ၁ နှစ်အထိ ဖြစ်စေ ဒဏ်ငွေ ဘတ် ၂၀,၀၀၀ ထက်မပိုတဲ့ ငွေဒဏ် ဖြစ်စေ၊ (သို့မဟုတ်) ပြစ်ဒဏ် ၂ ရပ်လုံးကို ဖြစ်စေ အရေးယူခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။ယာယီရောဂါဇုန်အဖြစ် သတ်မှတ်ထားတဲ့ နယ်မြေအနီးနားမှာ နေထိုင်သူတွေအနေနဲ့ မိမိရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို အိမ်ထဲမှာပဲ ဂရုစိုက်ထားဖို့နဲ့ အပြင်ခွေးတွေနဲ့ မထိတွေ့အောင် သတိထားဖို့ အကြံပြုထားပါတယ်။




news-view-count-icon

9