မြန်မာ့မီးရထားက ရန်ကုန် - မန္တလေး - နေပြည်တော် ခရီးစဉ်တွေအတွက် Online ကနေ လက်မှတ် ဝယ်ယူနိုင်တဲ့ စနစ်ကို စတင်မိတ်ဆက်လိုက်ပေမယ့် ထိုင်ခုံနေရာတစ်ခုတည်း လူများစွာကို ရောင်းချမှုတွေကြောင့် ထိုင်ခုံနေရာ ဝယ်ယူပြီး ခုံမရဘဲ မတ်တပ်ရပ်စီးနေကြရတယ်လို့ မြန်မာ့မီးရထားအသုံးပြုပြီး ခရီးသွားလာနေသူတွေဆီက သိရပါတယ်။eTicket ဝယ်ယူရာမှာ ထိုင်ခုံနေရာတစ်ခုကို ဝယ်ယူသူတစ်ဦးထက်ပိုမိုပြီး ရောင်းချနေတာကြောင့် အရေးပေါ် တွဲဆိုင်းတိုးပေးရတာ၊ အထူးတန်းဝယ်ယူထားသူတွေအနေနဲ့ ရိုးရိုးတန်းမှာ သွားရောက် ပြောင်းလဲပြီး စီးနင်းရတာ၊ မတ်တပ်ရပ်ပြီး စီးနင်းရတာတွေ ဖြစ်ပေါ်နေတာပါ။မြန်မာ့မီးရထားက eTicket တွေကို ရောင်းချရတာမှာ ခရီးစဉ် အစအဆုံး ခုံနေရာအတွက် ရောင်းချပြီးတဲ့အပြင် ကြားဘူတာတွေအတွက်ပါ ခုံနေရာတစ်ခုတည်းကို ထပ်တိုးရောင်းချတာကြောင့် ခုံနေရာမရတာတွေ ပိုမိုဖြစ်နေတာလို့ သိရပါတယ်။



