ရန်ကုန်ဖက်ကနေ လာတဲ့ ရေခဲကားဟာ တံတားအတက်မှာရှိတဲ့ တိုးဂိတ် ကတ္တားချိန်တဲ့ နေရာကို ဖြတ်သန်းစဥ် ကတ္တားထဲသို့ ရှေ့ဘီးကျွံကျသွားခဲ့ပါတယ်။ကတ္တားသံပြား အနည်းငယ်နဲ့ ရေခဲကား အနည်းငယ် ပျက်စီးခဲ့ပြီး အဆိုပါ ကတ္တားချိန်တဲ့နေရာကို ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။တံတားကြီးအပေါ် ၆ ဘီးနဲ့ ၈ ဘီး ကုန်တင်ယာဥ်များကိုသာ ဖြတ်ခွင့်ပေးပြီး ယခုလို ဖြစ်ရပ်ကြောင့် ကုန်တင်ယာဥ်များ ဖြတ်သန်းခွင့်ကို ပိတ်ပင်ဦးမလားဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။



