back

ရဲရွာဆည်ရေလွှတ်၍ ဘုရားပွဲအတွက်စိုးရိမ်စရာမလိုဘဲ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း ဒေသခံများပြောဆိုနေ

Feb 14 • 3:33 PM

breaking-news

Myanmar

Mandalay

cover

ရဲရွာဆည်ရေလွှတ်၍ ဘုရားပွဲအတွက်စိုးရိမ်စရာမလိုဘဲ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း ဒေသခံများပြောဆိုနေ

ဘုရားပွဲကျင်းပပြုလုပ်ရက်နီးလာချိန် ရဲရွာဆည်မှ ဒုဋ္ဌ၀တီမြစ်အတွင်း ရေလွှတ်ခြင်းကြောင့် ရွှေစာရံ ဘုရားပွဲတော် အတွက် စိုးရိမ်နေသူများရှိသော်လည်း စိုးရိမ်စရာမလိုဘဲ ဖ...

ဘုရားပွဲကျင်းပပြုလုပ်ရက်နီးလာချိန် ရဲရွာဆည်မှ ဒုဋ္ဌ၀တီမြစ်အတွင်း ရေလွှတ်ခြင်းကြောင့် ရွှေစာရံ ဘုရားပွဲတော် အတွက် စိုးရိမ်နေသူများရှိသော်လည်း စိုးရိမ်စရာမလိုဘဲ ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း ရွှေစာရံကျေးရွာ ဒေသခံများထံမှ သိရသည်။ဒုဋ္ဌ၀တီမြစ်အတွင်းသို့ ယခင်နှစ်များကလည်း ဘုရားပွဲကျင်းပပြုလုပ်ရက်နီးလာချိန်တိုင်း ရဲရွာဆည်မှ ရေ လွှတ် လေ့ရှိကြောင်း၊ ထိုသို့ပြုလုပ်ခြင်းမှာ ဘုရားပွဲလာသူများက မြစ်အတွင်းအပျော်လှေစီးနိုင်ရန် အတွက်ဖြစ် သည်ဟု ဒေသတွင်းသတင်းများက ဆိုထားပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာတွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် သမိုင်း ဝင်ရွှေစာရံ ဘုရားပွဲတော်ကို လာမည့်တပေါင်းလဆန်း(၅)ရက်နေ့မှ လပြည့်ကျော်(၈)ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။




news-view-count-icon

25