ဆိုင်ငှားခနဲ့ မြေငှားရမ်းခ မြှင့်တက်နေဆဲဖြစ်တဲ့ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာ ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး စျေးအရောင်းအဝယ် လုပ်ကိုင်နေကြတဲ့ ဒေသခံနဲ့ စစ်ဘေးရှောင်တွေ အများစုဟာ ရောင်းအား ကျဆင်းလာပြီး အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။လက်ရှိ ဒီးမော့ဆို အနောက်ခြမ်းက လမ်းမကြီးဘေး မြေနေရာမှာ တလတာ ငှားရမ်းခ အနည်းဆုံး ကျပ် ၅၀၀၀၀ ကနေ ကျပ် ၁၅၀၀၀၀ ခန့်ရှိနေပြီး၊ လူနေအိမ်၊ ဆိုင်ခန်း ငှားရမ်းခအတွက် အနည်းဆုံး ၂ သိန်းကျပ်ကနေ ၅ သိန်း အထိ ရှိတယ်လို့ သိရပါတယ်။



