back

တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့အမျိုးသား ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးလို့ ၁ ဦးသေ တစ်ဦးဒဏ်ရာရ

Feb 14 • 3:30 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့အမျိုးသား ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးလို့ ၁ ဦးသေ တစ်ဦးဒဏ်ရာရ

ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၉ နာရီဝန်းကျင်မှာ ကားဝယ်သူက ငွေချေမယ်ဆိုပြီး ကားရောင်းသူ ညီအစ်ကို ၂ ယောက်ကို အေးသာယာမြို့ကနေ ဟဲဟိုးမြို့ကို ခေါ်သွားပြီး လမ်းတစ်ဝက်...

ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၉ နာရီဝန်းကျင်မှာ ကားဝယ်သူက ငွေချေမယ်ဆိုပြီး ကားရောင်းသူ ညီအစ်ကို ၂ ယောက်ကို အေးသာယာမြို့ကနေ ဟဲဟိုးမြို့ကို ခေါ်သွားပြီး လမ်းတစ်ဝက်မှာတင် ဓားနဲ့ထိုးသွားခဲ့တာဖြစ်တယ်လို့ ဖြစ်စဥ်သိရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။အဆိုပါ ညီအစ်ကို ၂ ယောက်ဟာ အေးသာယာမှာ နေထိုင်သူဖြစ်ပြီး ဓားထိုးမှုကြောင့် ညီလေးဖြစ်သူ သေဆုံးသွားပြီး အစ်ကိုဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ ဓားနဲ့ထိုးခဲ့တဲ့ တရားခံ အမျိုးသားကိုတော့ ရဲတပ်ဖွဲ့တွေက ဖမ်းမိထားတယ်လို့ ဆိုပါတယ်။



news-view-count-icon

67