လူအင်အား ဆယ်ဂဏန်းဝန်းကျင်ခန့်သာရှိသည့် တပိုင်တနိုင် ကျားဖြန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းများ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်း၌ ရှိလာပြီး တရားမဝင် တရုတ်နိုင်ငံသားများလည်း ခြေချင်းလိမ်နေကြောင်း ဒေသခံများထံမှ သိရသည်။ယင်းလုပ်ငန်းများသည် တာချီလိတ်မြို့မှတစ်ဆင့် ရွှေ့ပြောင်းလာကြသူများအပြင် ဒေသတွင်း၌ လူအင်အားအနည်းငယ်ဖြင့် လုပ်ကိုင်နေကြသည့် လုပ်ငန်းများဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။



