ကွယ်လွန်သူရဲ့ ညီမဖြစ်သူ ပြောပြချက်အရ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည်မှာ စပရိုက် လက်ဆောင် ရပြီး ရင်ခုန်စိတ်လှုပ်ရှားသွားခြင်း၊ အလုပ်ကနေ အိမ်ကို လမ်းလျှောက်ပြန်လာခြင်း စတဲ့ အပျော်နဲ့ အမော ၂ ခု ဆုံသွားပြီးနောက် မီးသ၊တ်ကားသံ ကြားရပြီး ၁၅ မိနစ်အကြာမှာ ထိုင်လျက်နဲ့ ဖုန်းလေးကိုင်ပြီး ကွယ်လွန် သွားခဲ့တာလို့ သိရပါတယ်။ကွယ်လွန်သူဟာ အနေအေးဆေးပြီး သီးသန့်နေတတ်သူလို့ သိရပါတယ်။



