back

ထိုင်းနိုင်ငံ၊ ရယောင်းတွင် မြန်မာအမျိုးသားတစ်ဦး ခွေးရူးပြန်ရောဂါဖြင့် သေဆုံး

Feb 14 • 1:37 PM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ရယောင်းတွင် မြန်မာအမျိုးသားတစ်ဦး ခွေးရူးပြန်ရောဂါဖြင့် သေဆုံး

ထိုင်းနိုင်ငံ၊ ရယောင်း (Rayong) ပြည်နယ်တွင် အသက် ၃၆ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦး ခွေးရူးပြန်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) က အတည...

ထိုင်းနိုင်ငံ၊ ရယောင်း (Rayong) ပြည်နယ်တွင် အသက် ၃၆ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦး ခွေးရူးပြန်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) က အတည်ပြုလိုက်သည်။ ၎င်းသည် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ခွေးရူးပြန်ရောဂါဖြင့် ပထမဆုံး သေဆုံးမှုဖြစ်သည်။ ရောဂါထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Montien Kanasawat ၏ ယမန်နေ့က ပြောကြားချက်အရ အဆိုပါအမျိုးသားသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ခွေးပေါက်လေးတစ်ကောင်၏ ညာဘက်လက်ကို ကိုက်ခြင်း ခံခဲ့ရသည်။ သို့သော် ဒဏ်ရာကို ဆေးကြောသန့်စင်ခြင်း သို့မဟုတ် ကာကွယ်ဆေးထိုးရန် ဆေးရုံပြခြင်းတို့ မပြုလုပ်ခဲ့ပေ။ ထို့နောက် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရေသောက်ပြီးနောက် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် မူးဝေခြင်းစသည့် လက္ခဏာများ စတင်ခံစားခဲ့ရသလို ရောဂါ လက္ခဏာပြပြီး နှစ်ရက်အကြာတွင် သေဆုံးခဲ့သည်။ ၎င်းကိုကိုက်ခဲ့သော ခွေးပေါက်လေးအား ပြန်ရှာမတွေ့တော့သဖြင့် ခွေးတွင် ရောဂါရှိမရှိ အတည်မပြုနိုင်ခဲ့ပေ။




news-view-count-icon

11