တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီး အဆိုတော်အဖွဲ့ BLACKPINK ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျီဆိုးသည် စိတ်ကူးယဉ်ဇာတ်လမ်းတွဲ ပိုကီမွန်၏ နှစ် (၃၀) ပြည့် ကမ္ဘာလုံးဆိုင်ရာကမ်ပိန်းအတွက် အဓိကသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။ ထို့ပြင် ပိုကီမွန်ဇာတ်ကောင်အရုပ်တစ်ခုနှင့် တွဲရိုက်ထားသည့် ဓာတ်ပုံတစ်ခုကို ဂျီဆိုးက ဆိုရှယ်မီဒီယာတွင် တင်ခဲ့ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် BLACKPINK အဖွဲ့ဝင်အားလုံးသည် အဖွဲ့လိုက် ပူးပေါင်းဖျော်ဖြေမှုများကို ဆက်လက်လုပ်ဆောင်ခြင်း မျိုးမရှိတော့ဘဲ တစ်ကိုယ်တော်ခရီးများကို အသီးသီး လျှောက်လှမ်းနေကြပြီဖြစ်ကာ နယ်ပယ်အသီးသီးတွင် အောင်မြင်မှုအမျိုးမျိုးကို ရယူထားကြကြောင်းလည်း သိရသည်။



