တရုတ်ကားထုတ်လုပ်သူများဖြစ်သည့် BYD၊ Chery၊ Great Wall Motor နှင့် Geely တို့သည် မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းရှိ Aguascalientes မြို့ရှိ ၂၀၂၆ ခုနှစ် မေလတွင် ပိတ်သိမ်းရန် စီစဉ်ထားသည့် တနှစ်လျှင် အစီးရေ ၂၃၀,၀၀၀ ထုတ်လုပ်နိုင်သော Cooperation Manufacturing Plant Aguascalientes COMPAS ကားစက်ရုံကို ဝယ်ယူရန် နောက်ဆုံးတင်ဒါတင်သွင်းသူများတွင် ပါဝင်သည်။ ၂၀၁၇ ခုနှစ်တွင် Nissan နှင့် Mercedes-Benz တို့၏ ဖက်စပ်လုပ်ငန်းမှ ဖွင့်လှစ်ခဲ့သော COMPAS စက်ရုံသည် ဈေးကွက်ပြောင်းလဲမှုများနှင့် အခွန်အခ ဖိအားများကြောင့် ရပ်ဆိုင်းမည်ဖြစ်သည်။



