back

တနင်္သာရီမြစ်အတွင်းမှ ရွှေခဲများကိုထိုင်းနိုင်ငံအတွင်း သွားရောက်ရောင်းချသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိ

Feb 14 • 1:29 PM

breaking-news

Thailand

Local News

cover

တနင်္သာရီမြစ်အတွင်းမှ ရွှေခဲများကိုထိုင်းနိုင်ငံအတွင်း သွားရောက်ရောင်းချသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိ

တနင်္သာရီမြစ်အတွင်းမှ ရွှေခဲများကို ထိုင်းနိုင်ငံအတွင်း သွားရောက်ရောင်းချသည့် မြန်မာနိုင်ငံသားတစ်ဦး ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိကြောင်း ထိုင်းမီဒီယာများတွ...

တနင်္သာရီမြစ်အတွင်းမှ ရွှေခဲများကို ထိုင်းနိုင်ငံအတွင်း သွားရောက်ရောင်းချသည့် မြန်မာနိုင်ငံသားတစ်ဦး ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။ သတင်းရရှိသဖြင့် နယ်စပ်တစ်လျှောက် ကင်းလှည့်စစ်ဆေးနေစဉ် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဖူးနမ့်ရွန်နယ်စပ်ဒေ သသဘာဝတောလမ်းတစ်ခုတွင် ရွှေခဲ ၂၅ ခဲ (စုစုပေါင်းအလေးချိန် ၄၃၄ ဂရမ်) ကို တရားမဝင်သယ်ဆောင်လာသည့် "ဘွိုင်းဒိုင်းမွန်"အမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းလုံခြုံရေး ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်အရ ရွှေခဲများ သယ်လာသူမှာ အသက် ၅၄ နှစ်အရွယ် မြန်မာနိုင်ငံသား "ဘွိုင်းဒိုင်းမွန်" (ခ) ဦးဘွိုင်းဝန်းဝိုင်ဆိုသူဖြစ်ကြောင်း၊ အဆိုပါရွှေခဲများကို ရွှေကျင်ရာမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေခဲများကို ထိုင်းနိုင်ငံဘက်ခြမ်းရှိ ရွှေဆိုင်များတွင် ရောင်းချရန် လာရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။





news-view-count-icon

11