back

မော်လမြိုင်မြို့၊ အုတ်ဖိုမြို့ပတ်လမ်းရှိ ငါးကန်ဟောင်းရေအိုင်အတွင်း LGBT တစ်ဦး အသတ်ခံရမှု တရားခံဖမ်းမိ

Feb 14 • 12:16 PM

breaking-news

Myanmar

Mon

cover

မော်လမြိုင်မြို့၊ အုတ်ဖိုမြို့ပတ်လမ်းရှိ ငါးကန်ဟောင်းရေအိုင်အတွင်း LGBT တစ်ဦး အသတ်ခံရမှု တရားခံဖမ်းမိ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အုတ်ဖိုမြို့ပတ်လမ်း၊ လှိုင်ရတနာမြို့သစ်စီမံကိန်းရှိ ငါးကန်ဟောင်းရေအိုင်အတွင်း ဇန်နဝါရီလ ၁၈ ရက်နေ့က အသတ်ခံထားရသည့် ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အုတ်ဖိုမြို့ပတ်လမ်း၊ လှိုင်ရတနာမြို့သစ်စီမံကိန်းရှိ ငါးကန်ဟောင်းရေအိုင်အတွင်း ဇန်နဝါရီလ ၁၈ ရက်နေ့က အသတ်ခံထားရသည့် LGBT တစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်အရွယ် စိုးမိုးထိုက်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ဖြစ်စဉ်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ရာ မော်လမြိုင်၊ လှိုင်ရပ်ကွက်နေ အသက် ၃၃ နှစ်အရွယ် လင်းစိုးသက်(ခ)အမန်းဆိုသူကို ဖေဖော်ဝါရီလ ၁၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ကိုစိုးမိုးထိုက်မှ လည်ပင်းမှ သွေးများထွက်နေသော်လည်း ပြန်လည်ထိုးခဲ့သည့်အတွက် ငါးကန်ဟောင်းဘေးရှိ ကျောက်တုံးဖြင့် ကိုစိုးမိုးထိုက်၏ ဦးခေါင်းကို လေး၊ ငါးချက် ထုသတ်ခဲ့ကြောင်း သိရသည်။ထို့နောက် မြဝတီမြို့သို့ တက်သွားကာ ပါလာသောပိုက်ဆံဖြင့် တစ်နေကုန်ဂိမ်း‌ ဆော့ရာ ဂိမ်းရှုံးသောကြောင့် ကိုစိုးမိုးထိုက်ထံမှ ယူဆောင်လာသော လက်စွပ် နှစ်ကွင်း ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်ကိုလည်း အသီးသီးရောင်းချကာ ဂိမ်းဆော့ခဲ့ကြောင်း သိရသည်။ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး အသက် ၃၃ နှစ်အရွယ် လင်းစိုးသက်(ခ)အမန်းဆိုသူကို မော်လမြိုင်မြို့မရဲစခန်းတွင် ရာဇသတ်ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကာ ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။



news-view-count-icon

43