ဂျပန်ငါးဖမ်းလုပ်ငန်းအေဂျင်စီက နာဂါစာကီကမ်းလွန်တွင် တရုတ်ငါးဖမ်းလှေတစင်း၏ကပ္ပတိန်က စစ်ဆေးရန်ရပ်တန့်ခိုင်းသည်ကို ငြင်းဆန်ခဲ့ပြီးနောက် ၎င်းလှေကိုအာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု သောကြာနေ့တွင်ပြောကြားလိုက်ကြောင်း UPI သတင်းဌာနက ဖော်ပြခဲ့သည်။ တရုတ်လှေသည် ရပ်တန့်ရန်ညွှန်ကြားခဲ့စဉ် ကြာသပတေးနေ့က ဂျပန်နိုင်ငံ ဂီတိုကျွန်းအနီး အရှေ့ တရုတ်ပင်လယ်အတွင်းရှိ ဂျပန်၏ သီးသန့်စီးပွားရေးဇုန်အတွင်းမောင်းနှင်နေခဲ့ခြင်းဖြစ်သည်။ ထို့နောက် ငါးဖမ်းလှေသည် ထွက်ပြေးရန်ကြိုးစားခဲ့သည်ဟု ငါးဖမ်းလုပ်ငန်းအေဂျင်စီ ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ငါးဖမ်းလှေတွင် အသက် ၄၇နှစ်အရွယ် တရုတ်လူမျိုးကပ္ပတိန် Zheng Nianli အပါအဝင် လူ ၁၁ဦး ပါဝင်လာခဲ့သည်။ ကပ္ပတိန်ကို ဂျပန်အာဏာပိုင်များက ထိန်းသိမ်းထားခဲ့သည်။အဆိုပါလှေ Qiong Dong Yu11998 သည် ဂျပန်၏ထိန်းသိမ်းမှုအောက်တွင်ဆက်ရှိနေဆဲဖြစ်ပြီး သက်သေအထောက်အထားတစ်ခုဖြစ် ကိုင်စွဲခံထားရသည်။ လှေပေါ်ပါလာသူ ဆယ်ဦးမည်သို့ဖြစ်သွားသည် ဆိုသည်ကတော့ ရှင်းလင်းစွာမသိရသေးပေ။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Lin Jian က ဂျပန်သည် တစိတ်တပိုင်းအနေနှင့် ဥပဒေစိုးမိုးရေးကိုလုပ်ဆောင်သင့်ပြီး လှေပေါ်ပါလာသူများ၏ဘေးကင်းလုံခြုံရေး၊ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်စောင့်ရှောက်သင့်သည်ဟု သောကြာနေ့ကထုတ်ဖော်ပြောကြားခဲ့သည်။တရုတ်နှင့်ဂျပန်တို့ကြား တင်းမာမှုများသည် လွန်ခဲ့သည့်လပိုင်းအတွင်း ဆက်လက်မြင့်တက်နေခဲ့သည်။ နိုဝင်ဘာလတွင် ဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအိချိက တရုတ်တိုင်ပေအပေါ်တရုတ်၏ ကျူးကျော် တိုက်ခိုက်မှုသည် ဂျပန်ထံမှ စစ်ရေးအရတုံ့ပြန်မှုကိုထွက်ပေါ်လာစေနိုင်သည်ဟု ပါလီမန်တွင်ပြောခဲ့သည်။



