ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် စန္ဒကူးတော၌မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ရွှေသမင်များကို ကာကွယ်စောင့်ရှောက်ထားကြောင်းသိရသည်။မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့် ဘူမိဥယျာဉ်ဖြစ်သည့် ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်တွင် ဘူမိနယ်မြေ(၁)ဖြစ်သည့် ပုပ္ပားတောင်ကလပ်၊ ဘူမိနယ်မြေ(၆)ဖြစ်သည့် ပညာပေးပြခန်း၊ ပညာပေးစိုက်ခင်းနှင့်ဘူမိနယ်မြေ (၇) ဖြစ်သည့် စန္ဒကူးတောတွင် သမင်ခြံများရှိရာ အများဆုံးလာရောက်လေ့လာကြကြောင်းသိရသည်။



